latest Post



[ Zawgyi ]





-သန္တာ

=========

[ Unicode ]

မဟာဘွဲ့တက်ရောက်လိုသော မြန်မာကျောင်းသားများအတွက် 2019 Fullbright Foreign Student Scholarship ကိုလျှောက်ထားနိုင်

=========

အမေရိကမှာ မဟာဘွဲ့တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် 2019 Fullbright Foreign Student Scholarship ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားသူတွေဟာ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။ အမေရိကသို့ မသွားရောက်ဖူးသူ၊ အမေရိကမှ ဘွဲ့မရဖူးသူတွေ၊ အနည်းဆုံး Bachelor ဘွဲ့ရပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

ဒါ့အပြင် မဟာဘွဲ့ရရှိပြီးသူတွေလဲ လျှောက်ထားနိုင်ပြီး မည်သည့် Academic Fields မှမဆို လျှောက်ထားနိုင်ပါတယ်။ အင်္ဂလိပ်စာသတ်မှတ်ချက် အနေနဲ့ paper based TOEFL အမှတ် အနည်းဆုံး ၅၇၅ မှတ် ရရှိသူတွေ လျှောက်ထားနိုင်ပြီး TOEFL အမှတ်မရှိသေးသူတွေကတော့ US သံရုံးမှာ Screening test အရင် ဖြေဆိုကာ လျှောက်ထားနိုင်ပါတယ်။

လျှောက်လွှာတွေကိုတော့ ဒီနေရာမှာ လည်းကောင်း၊ ဖုန်း-၀၁-၅၃၆၅၀၉၊ ၅၀၅၁၁၃ လိုင်းခွဲ – ၄၃၆၉၊ ၄၈၆၉ တို့ကို လည်းကောင်း ဆက်သွယ်နိုင်တဲ့အပြင် RangoonUSECA@state.gov. ကို မေးလ်ပို့ မေးမြန်းနိုင်မှာဖြစ်ပါတယ်။

-သန္တာ

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment