[ Zawgyi ]
Apple ဟာ ေမလ ၂၉ ရက္ (အဂၤါေန႔) က ကုမၸဏီရဲ႕ operating system ေတြအတြက္ update သစ္ျဖစ္တဲ့ iOS 11.4 ကို ျဖန္႔ခ်ိခဲ့ပါတယ္။ iPhone ေတြနဲ႔ iPad ေတြအတြက္ ျဖန္႔ခ်ိလိုက္တဲ့ iOS 11.4 မွာ AirPlay 3 နဲ႔ iCloud အတြင္း Message ေတြကုိ မိတ္ဆက္ခဲ့ပါတယ္။ ဒါေပမဲ့ Apple ရဲ႕ update သစ္ဟာ iPhone SE ဘက္ထရီေတြကို အလ်င္အျမန္ကုန္ခန္းေစတဲ့ ျပႆနာေတြ ျဖစ္ေပၚေစတယ္လို႔ ဆိုပါတယ္။
iPhone SE ပုိင္ဆိုင္သူတခ်ိဳ႕ iOS 11.4 update ေၾကာင့္ ဘက္ထရီ အလ်င္အျမန္ကုန္ခန္းမႈ ျဖစ္ေပၚေနတယ္လို႔ MacRumors ဖိုရမ္ေတြကေနတစ္ဆင့္ ေဝဖန္ေျပာဆိုမႈေတြ ရွိပါတယ္။ သုံးစြဲသူတစ္ဦးရဲ႕ iPhone SE ဘက္ထရီဟာ ေနာက္ဆုံး update install လုပ္ၿပီးတဲ့ေနာက္မွာ အသုံးမျပဳခဲ့ေပမယ့္ ၅ နာရီကေန ၈ နာရီအတြင္း ၁၀၀ ရာခိုင္ႏႈန္းကေန ၂၀ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားတယ္လို႔ ေျပာပါတယ္။
အျခားသုံးစြဲသူကလည္း iPhone SE မွာ iOS 11.4 ကုိ install လုပ္ၿပီးတဲ့ေနာက္ အလားတူအေတြ႕အႀကဳံမ်ိဳး ခံစားခဲ့ရပါတယ္။ သူ႔ဖုန္းရဲ႕ ၆၀-၇၀ ရာခိုင္ႏႈန္း ဘက္ထရီဟာ တစ္ညတာအတြင္း လုံးဝကုန္ခန္းသြားပါတယ္။
တတိယေျမာက္ iPhone SE ပုိင္ဆုိင္သူက ညေနခင္းမွာ ဖုန္းရဲ႕ဘက္ထရီကို ၁၀၀ ရာခိုင္ႏႈန္း အားသြင္းၿပီး အိပ္ေပ်ာ္သြားခဲ့ပါတယ္။ သူ႔အေနနဲ႔ ႏိုးလာတဲ့အခါမွေတာ့ အီးေမးလ္စစ္ေဆးဖို႔ ဖုန္းဖြင့္လိုက္တဲ့အခါ ဘက္ထရီက ၁၆ ရာခိုင္ႏႈန္းပဲ က်န္ေတာ့တယ္လုိ႔ ေျပာပါတယ္။
အခုဘက္ထရီကုန္ခန္းမႈ ျပႆနာေတြက သုံးစြဲသူအနည္းငယ္မွာပဲ ျဖစ္ေပၚေနတာလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ Apple အေနနဲ႔ ေနာက္ဆုံး update ေၾကာင့္ျဖစ္ေပၚတဲ့ အဲဒီျပႆနာကို ေျဖရွင္းဖို႔ လိုေနပါတယ္။
ဒါ့အျပင္ iPhone X, iPhone 8, iPhone 7, iPhone 6 နဲ႔ iPhone SE သုံးစြဲသူေတြက ႐ုတ္တရက္ freeze နဲ႔ lag ျဖစ္တာေတြအေပၚ ေျပာဆုိထားၾကပါတယ္။ iOS 11.4 ဟာ အျခား iOS 11 ဗားရွင္းေတြနဲ႔မတူဘဲ ဟန္းဆက္ေတြမွာ မိနစ္အနည္းငယ္ေလာက္ အသုံးျပဳလုိ႔မရဘဲ ရပ္တန္႔သြားတယ္လို႔ ေျပာခဲ့ၾကပါတယ္။ အဲဒီအခါမွာ ထုတ္ကုန္ကုိ restart လုပ္ေပမယ့္လည္း ျပႆနာကို မေျဖရွင္းႏိုင္ဘူးလို႔ iPhone သုံးစြဲသူေတြက ဆိုပါတယ္။
MacRumors Forums အဖြဲ႕ဝင္ Banglazed ဆိုသူက iOS ထုတ္ကုန္ေတြအားလုံးအတြက္ ျပႆနာေျဖရွင္းေပးႏိုင္မယ့္ စာရင္းတစ္ခုကို ေဖာ္ျပခဲ့ပါတယ္။ iTunes က firmware တစ္ခုကုိ download လုပ္ဖို႔ ႀကိဳးစားၿပီး OS ကုိျပန္လည္ေရးသားတဲ့အခါ ထုတ္ကုန္ေတြကို recovery mode ျပဳလုပ္ထားႏိုင္မယ့္ နည္းလမ္းေတြကုိ ေဖာ္ျပေပးခဲ့ပါတယ္။
စိုးထက္
Ref: InternationalBusinesTimes
=========
[ Unicode ]
Apple iOS 11.4 Update ကြောင့် iPhone SE ဘက်ထရီများ အလျင်အမြန်ကုန်ခန်းတဲ့ ပြဿနာ ဖြစ်ပွားနေ
=========
Apple ဟာ မေလ ၂၉ ရက် (အင်္ဂါနေ့) က ကုမ္ပဏီရဲ့ operating system တွေအတွက် update သစ်ဖြစ်တဲ့ iOS 11.4 ကို ဖြန့်ချိခဲ့ပါတယ်။ iPhone တွေနဲ့ iPad တွေအတွက် ဖြန့်ချိလိုက်တဲ့ iOS 11.4 မှာ AirPlay 3 နဲ့ iCloud အတွင်း Message တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ Apple ရဲ့ update သစ်ဟာ iPhone SE ဘက်ထရီတွေကို အလျင်အမြန်ကုန်ခန်းစေတဲ့ ပြဿနာတွေ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။
iPhone SE ပိုင်ဆိုင်သူတချို့ iOS 11.4 update ကြောင့် ဘက်ထရီ အလျင်အမြန်ကုန်ခန်းမှု ဖြစ်ပေါ်နေတယ်လို့ MacRumors ဖိုရမ်တွေကနေတစ်ဆင့် ဝေဖန်ပြောဆိုမှုတွေ ရှိပါတယ်။ သုံးစွဲသူတစ်ဦးရဲ့ iPhone SE ဘက်ထရီဟာ နောက်ဆုံး update install လုပ်ပြီးတဲ့နောက်မှာ အသုံးမပြုခဲ့ပေမယ့် ၅ နာရီကနေ ၈ နာရီအတွင်း ၁၀၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။
အခြားသုံးစွဲသူကလည်း iPhone SE မှာ iOS 11.4 ကို install လုပ်ပြီးတဲ့နောက် အလားတူအတွေ့အကြုံမျိုး ခံစားခဲ့ရပါတယ်။ သူ့ဖုန်းရဲ့ ၆၀-၇၀ ရာခိုင်နှုန်း ဘက်ထရီဟာ တစ်ညတာအတွင်း လုံးဝကုန်ခန်းသွားပါတယ်။
တတိယမြောက် iPhone SE ပိုင်ဆိုင်သူက ညနေခင်းမှာ ဖုန်းရဲ့ဘက်ထရီကို ၁၀၀ ရာခိုင်နှုန်း အားသွင်းပြီး အိပ်ပျော်သွားခဲ့ပါတယ်။ သူ့အနေနဲ့ နိုးလာတဲ့အခါမှတော့ အီးမေးလ်စစ်ဆေးဖို့ ဖုန်းဖွင့်လိုက်တဲ့အခါ ဘက်ထရီက ၁၆ ရာခိုင်နှုန်းပဲ ကျန်တော့တယ်လို့ ပြောပါတယ်။
အခုဘက်ထရီကုန်ခန်းမှု ပြဿနာတွေက သုံးစွဲသူအနည်းငယ်မှာပဲ ဖြစ်ပေါ်နေတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ Apple အနေနဲ့ နောက်ဆုံး update ကြောင့်ဖြစ်ပေါ်တဲ့ အဲဒီပြဿနာကို ဖြေရှင်းဖို့ လိုနေပါတယ်။
ဒါ့အပြင် iPhone X, iPhone 8, iPhone 7, iPhone 6 နဲ့ iPhone SE သုံးစွဲသူတွေက ရုတ်တရက် freeze နဲ့ lag ဖြစ်တာတွေအပေါ် ပြောဆိုထားကြပါတယ်။ iOS 11.4 ဟာ အခြား iOS 11 ဗားရှင်းတွေနဲ့မတူဘဲ ဟန်းဆက်တွေမှာ မိနစ်အနည်းငယ်လောက် အသုံးပြုလို့မရဘဲ ရပ်တန့်သွားတယ်လို့ ပြောခဲ့ကြပါတယ်။ အဲဒီအခါမှာ ထုတ်ကုန်ကို restart လုပ်ပေမယ့်လည်း ပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ iPhone သုံးစွဲသူတွေက ဆိုပါတယ်။
MacRumors Forums အဖွဲ့ဝင် Banglazed ဆိုသူက iOS ထုတ်ကုန်တွေအားလုံးအတွက် ပြဿနာဖြေရှင်းပေးနိုင်မယ့် စာရင်းတစ်ခုကို ဖော်ပြခဲ့ပါတယ်။ iTunes က firmware တစ်ခုကို download လုပ်ဖို့ ကြိုးစားပြီး OS ကိုပြန်လည်ရေးသားတဲ့အခါ ထုတ်ကုန်တွေကို recovery mode ပြုလုပ်ထားနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးခဲ့ပါတယ်။
စိုးထက်
Ref: InternationalBusinesTimes

0 comments:
Post a Comment