သရက်သီးအမျိုးအစားတွေ အများကြီးရှိပါတယ်။ စိန်တလုံး၊ ဟင်္သာ၊ မြကျောက်၊ အောင်ဒင်၊
မချစ်စု၊ ၀ါဆို၊ ပဲလှော်၊ သုံးလုံးတစ်တောင်၊ ပန်းဆွဲ၊ ဝေမှာစိုး-စသည်ဖြင့် အမျိုးအစား စုံလင်လှ
ပါတယ်။ ဒီနာမည်တွေထဲမှာ ဝေမှာစိုး-ဆိုတဲ့ သရက်သီးကို ပရိသတ်ကြီး စိမ်းနေမယ်ထင်ပါ
တယ်။
ဝေမှာစိုး-အမည်ပေးခံရတဲ့ သရက်သီးဟာ ပန်းဆွဲသရက်ထက် အလုံးသေးပြီး မှည့်ပြီးဆိုရင်
လည်း ၀င်းထိန်နေအောင် မှည့်တတ်ပါတယ်။ ဒါပေမယ့် အရသာကတော့ သွားပြီး လျှာလေးနဲ့
တို့မကြည့်လိုက်နဲ့ လူတစ်ကိုယ်လုံး အချဉ်ကန်ကြီးထဲ ကန်ချခံလိုက်ရသလို ခါတက်သွားအောင်
အထိ အချဉ်အားကြီးလွန်းပါတယ်။ ဒါကြောင့် အညာဘက်မှာ အဲဒီသရက်သီး စွတ်လာမိတဲ့သူ
ဟာ သူကိုယ်တိုင်လည်း မစားနိုင်တော့ ဘေးအိမ်တွေ လိုက်ဝေရော …။ လိုက်ဝေလို့ အလကား
လည်းရတော့ သွားဖြဲနားဖြဲ စားကြည့်မိတယ် … အမယ်လေး … ချဉ်လိုက်တာကလည်း အချဉ်
တကာတို့ရဲ့ ဆရာပါဘဲ။ ဒါကြောင့် အဲဒီ သရက်သီးကို အလကားလာလာဝေမှာစိုးလို့ “ဝေမှာစိုး”
အမည်ကို ပေးလိုက်တာလို့ သိရပါတယ်။ ဒါကတော့ ဗဟုသုတအနေနဲ့ပေါ့နော်။ ထပ်ပြီး ဗဟု
သုတအနေနဲ့ သရက်သီးရဲ့ အကျိုးအာနိသင် (7) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
1. ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်။
သရက်သီးဟာ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာ၊ ဆီးကြိတ်ကင်ဆာ-စတဲ့ ရောဂါတွေကို ကာကွယ်
ပေးနိုင်ပါတယ်။ သရက်သီးမှာ အဲဒီရောဂါဆိုးတွေကို ကာကွယ်ပေးနိုင်တဲ့ quercetin,
isoquercitrin, astragalin, fisetin, gallic acid နဲ့ methylgallat ဓာတ်ပေါင်းတွေ ပါဝင်
ပါတယ်။
2. ကိုလက်စထရောကို လျှော့ချပေးနိုင်တယ်။
သရက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အပြင်၊ pectin နဲ့ vitamin C ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်း ကိုလက်စထရောဓာတ် မြင့်မားစွာ ပါဝင်ခြင်းကို လျှော့ချပေးနိုင်
ပါတယ်။ အဲဒီရဲ့ အကျိုးဆက်ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်
ပါတယ်။
3. အသားရည်ကို ကြည်လင်သန့်ရှင်းစေတယ်။
သရက်သီးမှာ သွေးကို သန့်စင်စေတဲ့ အမျှင်ဓာတ်၊pectin နဲ့ vitamin C ဓာတ်တွေဟာ အသားအရေကိုလည်း အထူးထောက်ပံ့ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွင်း အပုပ်ဓာတ်ကို ကင်းစင်စေ
လို့ ၀က်ခြံတင်းတိပ် ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပြီး ကြည်လင်လှပတဲ့ အသားအရေးကို ပိုင်
ဆိုင်စေမှာပါ။
4. မျက်လုံး ကျန်းမာရေးအတွက်ကောင်းစေတယ်
သရက်သီးကို ဖျော်ရည်လုပ်ပြီး နေ့စဉ်သောက်ပေးပါက မျက်လုံး အမြင်ကြည်လင်မှုကို ဖြစ်ပေါ်စေပါတယ်။ သရက်သီး ဖျော်ရည်တစ်ခွက်မှာ ခန္ဓာကိုယ်အတွက် တစ်နေတာလိုအပ်တဲ့ vitamin
A ပမာဏရဲ့ 25%အထိ ပါဝင်လို့ နေ့စဉ်သောက်ပေးသင့်ပါတယ်။
5. ခန္ဓာကိုယ်ကို ကျော့ရှင်းလှပစေတယ်။
အဆီကျသွယ်လျှတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ သရက်သီးကို နေ့စဉ်စားနိုင်ပါတယ်။ သရက်သီးမှာပါတဲ့ tartaric acid, malic acid တွေဟာ ခန္ဓာကိုယ် ၀ိတ်ကို ထိန်ပေးပြီး
မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးပါတယ်။
6. အစာချေစနစ်ကို ကောင်းမွန်စေတယ်။
သရက်သီးမှာ အဖိုးတန်အက်စစ်ဓာတ်တွေ ပါဝင်လို့ အစာချေစနစ်ကို အချိန်တိုအတွင်း ထိရောက်မြန်ဆန်စေနိုင်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုကို အထူးမြန်ဆန်စေနိုင်လို့ ၀ိတ်ချတဲ့နေရာမှာ
လည်း ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဆေးတစ်ပါး ဖြစ်ပါတယ်။
7. ကိုယ်ခံစွမ်းအားကို မြင့်တက်စေတယ်။
သရက်သီးမှာ vitamin C နဲ့ vitamin A အပြင် carotenoid အမျိုးအစားပေါင်း 25 မျိုးအထိ စုံလင်စွာပါဝင်လို့ ခန္ဓာကိုယ်အတွက် အခြေခံရောဂါတိုက်ဖြတ်မှုမှာ အရေးပါတဲ့ ကိုယ်ခံစွမ်းအားကို ပေးနိုင်
ပါတယ်။ ဒါကြောင့် သရက်သီးဟာ အလွန်တန်ဖိုးကြီးတဲ့ သစ်သီးဖြစ်ပြီး နေ့စဉ်စားသုံးသင့်ပါကြောင်း။
နတ်စည်တော် (ShweMOM)


0 comments:
Post a Comment