latest Post

Facebook က ျမန္မာလူမ်ိဳး၀န္ထမ္းမ်ားတိုးျမွင့္လ်က္ရွိ


[ Zawgyi ]

Facebook အေနနဲ႔ ျမန္မာႏိုင္ငံသား ဝန္ထမ္းေတြ လက္ရွိအေရအတြက္ ထက္တိုးျမွင့္ေန ေၾကာင္း Facebook ရဲ႕ Public Policy Director ျဖစ္သူ Mia Garlick က အင္တာနက္ဂ်ာနယ္ကို ေျပာပါတယ္

ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ လူမႈကြန္ရက္စံႏႈန္းေတြကို ခ်ိဳးေဖာက္ေနတယ္လို႔ထင္ရင္ တိုင္ၾကားႏိုင္ေၾကာင္းလည္း သူကေျပာပါတယ္။ “ကြ်န္မတို႔ဟာ ကုမၸဏီမွာ ျမန္မာႏိုင္ငံနဲ႔ သက္ဆိုင္တဲ့ ကိစၥေတြကို လုပ္ကိုင္ဖို႔အတြက္ လူအင္အားအေရအတြက္ကို တိုးျမႇင့္လ်က္ ရိွပါတယ္၊ အဲ့ဒီမွာဆိုရင္ ျမန္မာဘာသာစကား ကြ်မ္းက်င္သူေတြ၊ ႏိုင္ငံအေၾကာင္းသိတဲ့သူေတြနဲ႔ အေရးကိစၥရပ္ေတြမွာ ကြ်မ္းက်င္သူေတြအျပင္ ႏိုင္ငံအတြင္းက စိန္ေခၚမႈေတြရယ္၊ ႏိုင္ငံအတြင္းက အသံုးျပဳသူေတြကို လံုျခံဳေအာင္ ကူညီေပးဖို႔အတြက္ မွန္ကန္တဲ့ အသံုးပစၥည္းေတြ တည္ေဆာက္တာေတြရယ္ကို တစိုက္မတ္မတ္ လုပ္ေဆာင္ေနတဲ့ Product အဖြဲ႕လည္း ပါဝင္ပါတယ္” လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံကို အဓိကထားတဲ့ Product, မူ၀ါဒနဲ႔ အျခားအက်ိဳးတူအဖြဲ႕ေတြအတြက္ ဝန္ထမ္းေတြ ဆက္လက္ခန္႔အပ္ထားဖို႕ရိွေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ “အခု ကြ်န္မတို႔မွာဆိုရင္ Facebook Messenger ထဲမွာ တိုင္ၾကားတဲ့ ပံုစံေတြရိွေနပါၿပီ။ အဲ့ဒါက ဘာကို ဆိုလိုတာလဲဆိုေတာ့ ျမန္မာနိုင္ငံမွ အသံုးျပဳသူေတြဟာ Messenger ထဲမွ ကြ်န္မတို႔ရဲ႕ လူမႈကြန္ရက္စံႏႈန္းေတြကို ခ်ိဳးေဖာက္ေနတယ္ဆိုၿပီး သူတို႔ယူဆတာတဲ့ အရာေတြကို တိုင္ၾကားႏိုင္ပါတယ္လို႔ ဆိုလိုတာပါ” လို႔ ဆက္လက္ေျပာၾကား ခဲ့ပါတယ္။ Facebook အေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ သတင္းစာမ်က္ႏွာအတုေတြ၊ သတင္းမွားေတြကို ဖယ္ရွားဖို႔စီစဥ္ေနေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

==========

[ Unicode ]

Facebook က မြန်မာလူမျိုးဝန်ထမ်းများ တိုးမြှင့်လျက်ရှိ

==========

Facebook အနေနဲ့ မြန်မာနိုင်ငံသား ဝန်ထမ်းတွေ လက်ရှိအရေအတွက် ထက်တိုးမြှင့်နေ ကြောင်း Facebook ရဲ့ Public Policy Director ဖြစ်သူ Mia Garlick က အင်တာနက်ဂျာနယ်ကို ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူမှုကွန်ရက်စံနှုန်းတွေကို ချိုးဖောက်နေတယ်လို့ထင်ရင် တိုင်ကြားနိုင်ကြောင်းလည်း သူကပြောပါတယ်။ “ကျွန်မတို့ဟာ ကုမ္ပဏီမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကို လုပ်ကိုင်ဖို့အတွက် လူအင်အားအရေအတွက်ကို တိုးမြှင့်လျက် ရှိပါတယ်၊ အဲ့ဒီမှာဆိုရင် မြန်မာဘာသာစကား ကျွမ်းကျင်သူတွေ၊ နိုင်ငံအကြောင်းသိတဲ့သူတွေနဲ့ အရေးကိစ္စရပ်တွေမှာ ကျွမ်းကျင်သူတွေအပြင် နိုင်ငံအတွင်းက စိန်ခေါ်မှုတွေရယ်၊ နိုင်ငံအတွင်းက အသုံးပြုသူတွေကို လုံခြုံအောင် ကူညီပေးဖို့အတွက် မှန်ကန်တဲ့ အသုံးပစ္စည်းတွေ တည်ဆောက်တာတွေရယ်ကို တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ Product အဖွဲ့လည်း ပါဝင်ပါတယ်” လို့ဆိုပါတယ်။

မြန်မာနိုင်ငံကို အဓိကထားတဲ့ Product, မူဝါဒနဲ့ အခြားအကျိုးတူအဖွဲ့တွေအတွက် ဝန်ထမ်းတွေ ဆက်လက်ခန့်အပ်ထားဖို့ရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “အခု ကျွန်မတို့မှာဆိုရင် Facebook Messenger ထဲမှာ တိုင်ကြားတဲ့ ပုံစံတွေရှိနေပါပြီ။ အဲ့ဒါက ဘာကို ဆိုလိုတာလဲဆိုတော့ မြန်မာနိုင်ငံမှ အသုံးပြုသူတွေဟာ Messenger ထဲမှ ကျွန်မတို့ရဲ့ လူမှုကွန်ရက်စံနှုန်းတွေကို ချိုးဖောက်နေတယ်ဆိုပြီး သူတို့ယူဆတာတဲ့ အရာတွေကို တိုင်ကြားနိုင်ပါတယ်လို့ ဆိုလိုတာပါ” လို့ ဆက်လက်ပြောကြား ခဲ့ပါတယ်။ Facebook အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတင်းစာမျက်နှာအတုတွေ၊ သတင်းမှားတွေကို ဖယ်ရှားဖို့စီစဉ်နေကြောင်း သိရပါတယ်။

-ထွန်းထွန်း

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment