latest Post

HP Envy 13 (2016) Review


အားသာချက်

HP Envy 13 သည် ပါးလွှာပေါ့ပါးသော notebook ဖြစ်ပြီး သက်သောင့်သက်သာ အသုံးပြုနိုင်သော ကီးဘုတ်နှင့် အလွန်ကောင်းမွန်သော စပီကာများ ပါဝင်သည်။ ထို့အပြင်  Windows  စနစ်ကိုအလွယ်တကူ ဖွင့်နိုင်ရန် fingerprint sensor များ ပါဝင်သည်။

အားနည်းချက်

၎င်း laptop သည် ဘက်ထရီသက်တမ်း တာရှည်ခံခြင်းမရှိဘဲ အားသွင်းစဉ် အသုံးပြုပါက စွမ်းဆောင်ရည် နှေးကွေးသည်။ ထို့အပြင် touchscreen လည်း ပါဝင်ခြင်းမရှိပေ။

အသေးစိတ်ဖော်ပြချက်

HP Envy 13 ကို ကန်ဒေါ်လာ ၈၀၀ ဖြင့်စတင် ရောင်းချလျက်ရှိသည်။ အဆိုပါ configuration တွင် 2.3GHz 15watt Intel Core i5 ပရိုဆက်ဆာ, memory 8GB, မြန်နှုန်းမြင့် 128GB solid-state storage နှင့် 1080p မျက်နှာပြင်တို့ ပါဝင်သည်။ Laptop ၏အလေးချိန်မှာ ၂.၈ ပေါင်ရှိပြီး အထူမှာ ၁၂.၉ မီလီမီတာ ဖြစ်သည်။ ၎င်းသည် အပါးလွှာဆုံး laptop များအနက် တစ်ခုဖြစ်သည်။

၎င်း၏အသုံးဝင်ဆုံး feature မှာ Windows တွင်းသို့ ဝင်ရောက်ရန် password ရိုက်ရခြင်းနေရာတွင် swip ပြုလုပ်၍ ဖွင့်နိုင်သည့် fingerprint sensor ပါ​ဝင်ခြင်းဖြစ်သည်။ ၎င်း၏တုံ့ပြန်မှုနှုန်းမှာ မြန်ဆန်မှုရှိသည်။

Envy 13 ၏ကီးဘုတ်တွင် မီးရောင်နောက်ခံပါဝင်ပြီး touchpad မှာဖန်ဖြင့် ပြုလုပ်ထားသည်။ Touchpad ၏ကျယ်ပြန့်သော mouse အဖြစ် အသုံးပြုရာ မျက်နှာပြင်သည် လက်မအောက်ခြေနှင့် ထိတွေ့နေသောကြောင့် mouse cursor မှာ ခုန်နေခြင်းမရှိပေ။

Envy 13 တွင် အသုံးပြုထားသော Bang & Olufsen အမှတ်တံဆိပ် စပီကာများမှာ အလွန်ကောင်းမွန်သည်။ သီချင်းအချို့တွင် ပါဝင်သော သေးငယ်သော အသံများကိုပင် ကြားနိုင်သလို အသံထုတ်လွှင့်မှုမှာ ထူးခြားသည်။

Envy ၏ဒီဇိုင်းသည် Apple laptop နှင့် အလွန်ဆင်တူသည်။ Laptop အဖုံး၏ နက်မှောင်သော ဘေးဘောင်မှာ မျက်နှာပြင်ကို ထင်သာမြင်သာ ရှိစေသည်။ Envy 13 ၏စွမ်းဆောင်ရည်သည် နေ့စဉ်လုပ်ငန်း ဆောင်တာများကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ ၎င်းတွင် full HDMI port, SD card reader အပြင် ၃.၅ မီလီမီတာ headset jack ပေါက်တို့ ပါဝင်သည်။

ဘက်ထရီ

Envy ၏ အဓိက အားနည်းချက်မှာ ဘက်ထရီ သက်တမ်းဖြစ်သည်။ စမ်းသပ်မှုများအရ ၇ နာရီကျော်သာ အသုံးပြုနိုင်ကြောင်း သိရသည်။ နေ့စဉ်လုပ်ငန်း ဆောင်တာများကို ဆောင်ရွက်ရာတွင် ၅ နာရီနီးပါးသာ အသုံးပြုနိုင်မည် ဖြစ်သည်။

Ref: CNET
Source: Internet Journal Myanmar
Keywords: Laptops Review in Myanmar, HP Laptops

About The Collector

The Collector
Recommended Posts × +

0 comments:

Post a Comment