latest Post

ZTE နဲ႔ အျခား OEM မ်ားထံ Exynos chipset ေထာက္ပံ့ဖို႔စီစဥ္ေနတဲ့ Samsung


[Zawgyi]

Samsung ဟာ semiconductor လုပ္ငန္းကေန အျမတ္အစြန္းမ်ားစြာ ရရိွေနေပမယ့္လည္း Exynos မိုဘိုင္းခ်စ္ပ္ေတြကို အျခားကုမၸဏီရဲ႕ ထုတ္ကုန္ေတြမွာေတြ႕ရဖို႔က အေတာ့္ကိုရွားပါတယ္။ Exynos ကိုသံုးတဲ့ တစ္ခုတည္းေသာ ျပင္ပေဖာက္သည္က Meizu ျဖစ္ၿပီး ေနာက္ဆံုးေပၚ 15 Plus ဖုန္းမွာ အသံုးျပဳထားပါတယ္။
အခုအခါမွာေတာ့ ကိုရီးယားနည္းပညာကုမၸဏီႀကီးက မိုဘိုင္းပ႐ိုဆက္ဆာေတြကို Qualcomm နဲ႔အၿပိဳင္ ေထာက္ပံ့ေပးဖို႔အတြက္ ZTE အပါအဝင္ အျခား OEM ေတြနဲ႔ ေဆြးေႏြးေနတယ္လို႔ Reuters က ေဖာ္ျပခဲ့ပါတယ္။

Qualcomm အမႈေဆာင္အျဖစ္ တာဝန္ယူခဲ့ၿပီး အခုအခါ Samsung ရဲ႕ logic chip developer ျဖစ္တဲ့ System LSI မွာ အႀကီးအကဲအျဖစ္ တာဝန္ယူေနတဲ့ Inyup Kang က ကုမၸဏီအေနနဲ႔ OEM အားလံုးနဲ႔ ေဆြးေႏြးေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ေဖာက္သည္သစ္ေတြကို အေစာဆံုး ၂၀၁၉ ပထမႏွစ္ဝက္မွာ ေၾကညာသြားမယ္လို႔ သူက အတည္ျပဳခဲ့ပါတယ္။

Samsung ရဲ႕ ေဖာက္သည္သစ္ေတြကို ရွာေဖြမႈဟာ ကုန္သြယ္ခြင့္ပိတ္ပင္မႈေတြကို ခ်ိဳးေဖာက္ၿပီး အီရန္နဲ႔ ေျမာက္ကိုရီးယားထံ Snapdragon သံုးထားတဲ့ ထုတ္ကုန္ေတြတင္ပို႔ခဲ့တဲ့ ZTE ကို Qualcomm ထုတ္ကုန္ေတြဝယ္ယူဖို႔အတြက္ ပိတ္ပင္တားျမစ္ခဲ့တဲ့ေနာက္ ျပဳလုပ္လာတာျဖစ္ပါတယ္။ လတ္ရိွမွာ ဘာသေဘာတူညီမႈမွ မရေသးသလို OEM အားလံုးကို တန္းတူညီမွ် ဆက္ဆံသြားမယ္လို႔ Samsung က ဆိုပါတယ္။

Samsung ဟာ မိုဘိုင္း SoC ထုတ္လုပ္မႈမွာ Qualcomm နဲ႔ Apple တို႔ရဲ႕ေနာက္မွာ က်န္ရစ္ေနေပမယ့္လည္း ကိုယ္ပိုင္ခ်စ္ပ္ေတြကို အသံုးျပဳတဲ့အတြက္ေၾကာင့္ ကုမၸဏီရဲ႕ စမတ္ဖုန္းလုပ္ငန္း ႀကီးထြားတိုးတက္လာခဲ့သလို System LSI ရဲ႕ တင္ပို႔မႈကလည္း ၂၇ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ပါတယ္။ စမတ္ဖုန္းေစ်းကြက္က တျဖည္းျဖည္းက်ဆင္းေနတဲ့ေနာက္ Samsung က ေမာ္ေတာ္ကားလုပ္ငန္းထံ 5G ခ်စ္ပ္ေတြကို စတင္ေထာက္ပံ့ႏိုင္ဖို႔ ေမွ်ာ္မွန္းထားၿပီး Audi က ပထမဦးဆံုး ေဖာက္သည္ ျဖစ္လာမယ္လို႔ Reuters က ေဖာ္ျပခဲ့ပါတယ္။

-ေနာင္ေနာင္
Ref: GSMArena

 

[Unicode]

Samsung ဟာ semiconductor လုပ်ငန်းကနေ အမြတ်အစွန်းများစွာ ရရှိနေပေမယ့်လည်း Exynos မိုဘိုင်းချစ်ပ်တွေကို အခြားကုမ္ပဏီရဲ့ ထုတ်ကုန်တွေမှာတွေ့ရဖို့က အတော့်ကိုရှားပါတယ်။ Exynos ကိုသုံးတဲ့ တစ်ခုတည်းသော ပြင်ပဖောက်သည်က Meizu ဖြစ်ပြီး နောက်ဆုံးပေါ် 15 Plus ဖုန်းမှာ အသုံးပြုထားပါတယ်။

အခုအခါမှာတော့ ကိုရီးယားနည်းပညာကုမ္ပဏီကြီးက မိုဘိုင်းပရိုဆက်ဆာတွေကို Qualcomm နဲ့အပြိုင် ထောက်ပံ့ပေးဖို့အတွက် ZTE အပါအဝင် အခြား OEM တွေနဲ့ ဆွေးနွေးနေတယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။

Qualcomm အမှုဆောင်အဖြစ် တာဝန်ယူခဲ့ပြီး အခုအခါ Samsung ရဲ့ logic chip developer ဖြစ်တဲ့ System LSI မှာ အကြီးအကဲအဖြစ် တာဝန်ယူနေတဲ့ Inyup Kang က ကုမ္ပဏီအနေနဲ့ OEM အားလုံးနဲ့ ဆွေးနွေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဖောက်သည်သစ်တွေကို အစောဆုံး ၂၀၁၉ ပထမနှစ်ဝက်မှာ ကြေညာသွားမယ်လို့ သူက အတည်ပြုခဲ့ပါတယ်။

Samsung ရဲ့ ဖောက်သည်သစ်တွေကို ရှာဖွေမှုဟာ ကုန်သွယ်ခွင့်ပိတ်ပင်မှုတွေကို ချိုးဖောက်ပြီး အီရန်နဲ့ မြောက်ကိုရီးယားထံ Snapdragon သုံးထားတဲ့ ထုတ်ကုန်တွေတင်ပို့ခဲ့တဲ့ ZTE ကို Qualcomm ထုတ်ကုန်တွေဝယ်ယူဖို့အတွက် ပိတ်ပင်တားမြစ်ခဲ့တဲ့နောက် ပြုလုပ်လာတာဖြစ်ပါတယ်။ လတ်ရှိမှာ ဘာသဘောတူညီမှုမှ မရသေးသလို OEM အားလုံးကို တန်းတူညီမျှ ဆက်ဆံသွားမယ်လို့ Samsung က ဆိုပါတယ်။

Samsung ဟာ မိုဘိုင်း SoC ထုတ်လုပ်မှုမှာ Qualcomm နဲ့ Apple တို့ရဲ့နောက်မှာ ကျန်ရစ်နေပေမယ့်လည်း ကိုယ်ပိုင်ချစ်ပ်တွေကို အသုံးပြုတဲ့အတွက်ကြောင့် ကုမ္ပဏီရဲ့ စမတ်ဖုန်းလုပ်ငန်း ကြီးထွားတိုးတက်လာခဲ့သလို System LSI ရဲ့ တင်ပို့မှုကလည်း ၂၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ စမတ်ဖုန်းစျေးကွက်က တဖြည်းဖြည်းကျဆင်းနေတဲ့နောက် Samsung က မော်တော်ကားလုပ်ငန်းထံ 5G ချစ်ပ်တွေကို စတင်ထောက်ပံ့နိုင်ဖို့ မျှော်မှန်းထားပြီး Audi က ပထမဦးဆုံး ဖောက်သည် ဖြစ်လာမယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။

-နောင်နောင်
Ref: GSMArena

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment