latest Post

ဗန္းေမာက္ၿမိဳ႕တြင္ GSM စခန္း ၁၀ ခုတိုးခ်ဲ႕ရန္လ်ာထား


[Zawgyi]

ဗန္းေမာက္ၿမိဳ႕နယ္မွာ GSM စခန္း ၁၀ခုထပ္မံတိုးခ်ဲ႕သြားဖို႔လ်ာထားေၾကာင္း ေမလ ၁၆ ရက္ကက်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေ၀းမွာ ပို႔ေဆာင္ေရး ႏွင့္ ဆက္သြယ္ ေရး၀န္ႀကီးဌာန၊ ျပည္ ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္ကေျပာၾကားခဲ့တယ္လို႔သိရ ပါတယ္။

သာယာကုန္း၊ သရက္ကုန္း၊ မံအင္း၊ ပန္းေတာ၊ နန္႔ပံု၊ လိပ္ ေစာ၊ ေပပင္၊ ေၾကာင္လယ္၊ ပါထြန္၊ မံယူး စတဲ့ေနရာေတြမွာတိုးခ်ဲ႕သြားမွာျဖစ္ေၾကာင္း၊ အဲ့ဒီအတြက္ ေျမေနရာ ေတာင္းခံထားကာ ရရွိပါက ၂၀၁၉ မတ္လကုန္မွာ အၿပီးတည္ေဆာက္ဖို႔အတြက္ ခန္႔မွန္း ထားေၾကာင္းေျပာခဲ့ျခင္းျဖစ္ပါတယ္။ လက္ရွိမွာ ဗန္းေမာက္ၿမိဳ႕နယ္ရွိ အင္ပင္၊ တာမက်ိဳင္း၊ စီးေမာ္၊ နန္းဇား၊ မင္းကုန္း၊ နန္႔ေအာ့၊ ပင္းခါး၊ ကံသာယာ၊ ကံကုန္း၊ ကံရြာနဲ႔ ဗန္ေမာက္ ေတာင္တို႔မွာ GSM စခန္းတစ္ခုစီ စုစုေပါင္း GSM စခန္း ၁၂ ခုတည္ေဆာက္ထားေၾကာင္းသိရပါတယ္။

ဗန္းေမာက္ၿမိဳ႕နယ္မွာ MPT, Telenor, Ooredoo တို႔မွဖြင့္လွစ္ထားတဲ့ GSM စခန္းေပါင္း ၁၇ ခုခန္႔ရွိကာ MPT အေနနဲ႔ ေနာက္ထပ္ ၁၀ ခုထပ္မံတိုးခ်ဲ႕မွာျဖစ္တဲ့အတြက္ေၾကာင့္ စုစုေပါင္း ၂၇ ခုျဖစ္လာမယ္လို႔ဆိုပါတယ္။

 

[Unicode]

ဗန်းမောက်မြို့နယ်မှာ GSM စခန်း ၁၀ခုထပ်မံတိုးချဲ့သွားဖို့လျာထားကြောင်း မေလ ၁၆ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပို့ဆောင်ရေး နှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြောကြားခဲ့တယ်လို့သိရ ပါတယ်။

သာယာကုန်း၊ သရက်ကုန်း၊ မံအင်း၊ ပန်းတော၊ နန့်ပုံ၊ လိပ် စော၊ ပေပင်၊ ကြောင်လယ်၊ ပါထွန်၊ မံယူး စတဲ့နေရာတွေမှာတိုးချဲ့သွားမှာဖြစ်ကြောင်း၊ အဲ့ဒီအတွက် မြေနေရာ တောင်းခံထားကာ ရရှိပါက ၂၀၁၉ မတ်လကုန်မှာ အပြီးတည်ဆောက်ဖို့အတွက် ခန့်မှန်း ထားကြောင်းပြောခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမှာ ဗန်းမောက်မြို့နယ်ရှိ အင်ပင်၊ တာမကျိုင်း၊ စီးမော်၊ နန်းဇား၊ မင်းကုန်း၊ နန့်အော့၊ ပင်းခါး၊ ကံသာယာ၊ ကံကုန်း၊ ကံရွာနဲ့ ဗန်မောက် တောင်တို့မှာ GSM စခန်းတစ်ခုစီ စုစုပေါင်း GSM စခန်း ၁၂ ခုတည်ဆောက်ထားကြောင်းသိရပါတယ်။

ဗန်းမောက်မြို့နယ်မှာ MPT, Telenor, Ooredoo တို့မှဖွင့်လှစ်ထားတဲ့ GSM စခန်းပေါင်း ၁၇ ခုခန့်ရှိကာ MPT အနေနဲ့ နောက်ထပ် ၁၀ ခုထပ်မံတိုးချဲ့မှာဖြစ်တဲ့အတွက်ကြောင့် စုစုပေါင်း ၂၇ ခုဖြစ်လာမယ်လို့ဆိုပါတယ်။

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment