latest Post

Grab သံုးဘီးဝန္ေဆာင္မႈစတင္


[ Zawgyi ]

Grab ရဲ႕ သီးဘီးဝန္ေဆာင္မႈကို မႏၱေလးၿမိဳ႕မွာ စတင္လိုက္တယ္လို႔ သိရပါတယ္။

GrabThoneBane နာမည္နဲ႔စတင္ စမ္းသပ္ေျပးဆြဲေနၿပီျဖစ္ၿပီး Grap App သံုးကာ ပံုေသေစ်းႏႈန္း နဲ႔ ငွားရမ္းစီးနင္းႏိုင္မွာျဖစ္ေၾကာင္း သိရပါတယ္။ စမ္းသပ္ေျပးဆြဲတဲ့ ကာလမွာ ယာဥ္ေမာင္းေတြနဲ႔ ခရီးသည္ေတြရဲ႕ အႀကံျပဳခ်က္ေတြအေပၚ အေျခခံၿပီး တိုးျမႇင့္လုပ္ေဆာင္ သြားမယ္လို႔ဆိုပါတယ္။ Grab ရဲ႕ သံုးဘီးအငွားယာဥ္ ဝန္ေဆာင္မႈကို မႏၱေလးၿမိဳ႕ အပါအဝင္ ဖိလစ္ပိုင္နဲ႔ ကေမၻာဒီးယား ႏိုင္ငံေတြမွာလည္း ေျပးဆြဲလ်က္ရွိေၾကာင္း သိရပါတယ္။ “သံုးဘီး ယာဥ္ေမာင္းေတြကိုလည္း ကၽြန္ေတာ္တို႔နဲ႔အတူ လက္တြဲလုပ္ကိုင္ဖို႔ ဖိတ္ေခၚလိုပါတယ္၊ GrabThoneBane မိတ္ဖက္ယာဥ္ေမာင္းေတြက ပံုမွန္ သံုးဘီးယာဥ္ေမာင္းေတြထက္ ဝင္ေငြသံုးဆေလာက္အထိ ပိုဖို႔ အလားအလာ ရွိတယ္လို႔ ကြ်န္ေတာ္တုိ႔ ယံုၾကည္ပါတယ္” လို႔ Grab Myanmar ရဲ႕ ေခတၱ Country Head ျဖစ္သူ Alvin Loh ကေျပာပါတယ္။

သံုးဘီးယာဥ္ေမာင္းေတြအေနနဲ႔ Grab နဲ႔ လက္တြဲလုပ္ကိုင္ဖို႕ စာရင္းေပးသြင္းလုိရင္ Grab မႏၱေလး႐ံုးခြဲကို ဆက္သြယ္ႏိုင္တယ္လို႔ သိရပါတယ္။ မွတ္ပံုတင္အမွတ္၊ အံုနာဘုတ္၊ ဘဏ္ အေကာင့္အခ်က္အလက္၊ အိမ္ေထာင္စုစာရင္း၊ ရဲစခန္းေထာက္ခံစာ၊ ရပ္ကြက္ေထာက္ခံ စာတို႔ေပးရမွာျဖစ္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

Grab ရဲ့ သီးဘီးဝန်ဆောင်မှုကို မန္တလေးမြို့မှာ စတင်လိုက်တယ်လို့ သိရပါတယ်။

GrabThoneBane နာမည်နဲ့စတင် စမ်းသပ်ပြေးဆွဲနေပြီဖြစ်ပြီး Grap App သုံးကာ ပုံသေစျေးနှုန်း နဲ့ ငှားရမ်းစီးနင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ စမ်းသပ်ပြေးဆွဲတဲ့ ကာလမှာ ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေရဲ့ အကြံပြုချက်တွေအပေါ် အခြေခံပြီး တိုးမြှင့်လုပ်ဆောင် သွားမယ်လို့ဆိုပါတယ်။ Grab ရဲ့ သုံးဘီးအငှားယာဉ် ဝန်ဆောင်မှုကို မန္တလေးမြို့ အပါအဝင် ဖိလစ်ပိုင်နဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာလည်း ပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။ “သုံးဘီး ယာဉ်မောင်းတွေကိုလည်း ကျွန်တော်တို့နဲ့အတူ လက်တွဲလုပ်ကိုင်ဖို့ ဖိတ်ခေါ်လိုပါတယ်၊ GrabThoneBane မိတ်ဖက်ယာဉ်မောင်းတွေက ပုံမှန် သုံးဘီးယာဉ်မောင်းတွေထက် ဝင်ငွေသုံးဆလောက်အထိ ပိုဖို့ အလားအလာ ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ Grab Myanmar ရဲ့ ခေတ္တ Country Head ဖြစ်သူ Alvin Loh ကပြောပါတယ်။

သုံးဘီးယာဉ်မောင်းတွေအနေနဲ့ Grab နဲ့ လက်တွဲလုပ်ကိုင်ဖို့ စာရင်းပေးသွင်းလိုရင် Grab မန္တလေးရုံးခွဲကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ မှတ်ပုံတင်အမှတ်၊ အုံနာဘုတ်၊ ဘဏ် အကောင့်အချက်အလက်၊ အိမ်ထောင်စုစာရင်း၊ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံ စာတို့ပေးရမှာဖြစ်ကြောင်း သိရပါတယ်။

-ထွန်းထွန်း

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment