latest Post

Apple ထုတ္ကုန္သစ္ကို WWDC တြင္ ေတြ႕ျမင္ရဖြယ္မရိွ


[ Zawgyi ]

Apple ရဲ႕ ႏွစ္စဥ္က်င္းပေနက် Worldwide Developers Conference (WWDC) ပြဲကုိ လာမယ့္အပတ္ ဇြန္လ ၄ ရက္မွာ စတင္ျပဳလုပ္မွာ ျဖစ္ပါတယ္။ Apple အေနနဲ႔ WWDC ကြန္ဖရင့္မွာ ဘယ္လို ထုတ္ကုန္သစ္ကိုမွ မိတ္ဆက္မွာမဟုတ္ဘူးလို႔ အစီအစဥ္ေတြကုိ သိရွိေနတဲ့သူေတြ ေျပာၾကားထားတဲ့ ေကာလာဟလထြက္ေပၚေနပါတယ္။ အဲဒီပြဲမွာ software ေတြကုိပဲ မိတ္ဆက္မွာ ျဖစ္ပါတယ္။

iOS 12 ကို ဇြန္လ ၄ ရက္၊ တနလၤာေန႔မွာ မိတ္ဆက္္မွာျဖစ္ၿပီး အဓိက feature ေတြထဲက တစ္ခုျဖစ္တဲ့ Digital Health အစီအစဥ္ကို ထုတ္ေဖာ္မိတ္ဆက္မယ္လို႔ သိရပါတယ္။ အဲဒီအစီအစဥ္ထဲမွာ tool မ်ားစြာ ပါဝင္မွာ ျဖစ္ၿပီး သုံးစြဲသူေတြက ထုတ္ကုန္ေတြနဲ႔ app ေတြထဲမွာ အခ်ိန္ကို ဘယ္လို အသုံးခ်တယ္ဆုိတာကုိ ေစာင့္ၾကည့္ဖို႔ ကူညီေပးသြားမွာ ျဖစ္ပါတယ္။ OS ဗားရွင္းသစ္ထဲက Settings app ရဲ႕ menu အတြင္းမွာ အေသးစိတ္ကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

Google ရဲ႕ Android P မွာလညး္ အလားတူ feature မ်ိဳးပါဝင္ပါတယ္။ အဲဒီ feature ဟာ မိုဘိုင္းထုတ္ကုန္ေတြအေပၚ အလြန္အကၽြံစြဲလမ္းမႈကို စိတ္ပ်က္ေနသူအတြက္ တုံ႔ျပန္မႈ ျပဳလုပ္ထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ Apple အေနနဲ႔ ARKit 2.0 ကို တုိးတက္ေအာင္လုပ္ေဆာင္ေနၿပီး သုံးစြဲသူေတြအခ်င္းခ်င္း virtual ပတ္ဝန္းက်င္တစ္ခုတည္းမွာ AR ဂိမ္းေတြ ကစားႏိုင္မယ့္ mode သစ္ကုိ ဖန္တီးေပးထားပါတယ္။ အျခား mode ကေတာ့ ဧရိယာတစ္ခုမွာ အရာဝတၳဳေတြကို ထားရွိႏိုင္ၿပီး အဲဒီအရာဝတၳဳက virtual ပတ္ဝန္းက်င္မွာပဲ ဆက္လက္ရွိေနမွာ ျဖစ္ပါတယ္။ အဲဒီ feature ေတြအားလုံးဟာ iOS 12 မွာပါဝင္ၿပီး ၂၀၂၀ ခုႏွစ္မွာ ထြက္ရွိႏိုင္တယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေနတဲ့ Apple AR headset ရဲ႕ ေရွ႕ေျပးတစ္ခုအျဖစ္ ပါဝင္လာမွာ ျဖစ္ပါတယ္။

iOS 12 မွာ သတိေပးခ်က္ေတြကို snooze လုပ္ခြင့္ေပးထားၿပီး စေတာ့ေဈးကြက္ကုိ ေျခရာခံႏိုင္မွာ ျဖစ္ပါတယ္။ ဗီဒီယိုေခၚဆိုမႈေတြနဲ႔ Animoji ေတြေပးပုိ႔တာေတြကိုလည္း တိုးတက္ေအာင္ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ Apple ရဲ႕မိုဘိုင္း operating system သစ္ဟာ အရည္အေသြးေကာင္းမြန္သလို တု႔ံျပန္မႈႏႈန္းလည္း ေကာင္းမြန္ေအာင္ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ iOS 12 မွာ Home screen ဒီဇိုင္းပုိင္း ျပန္လည္ျပင္ဆင္ထားၿပီး Photos app အတြက္ AI အဆင့့္ျမႇင့္တင္မႈနဲ႔ iPad ေတြအတြက္ file management tool သစ္လိုမ်ိဳး feature သစ္ေတြလည္း ၂၀၁၉ ခုႏွစ္အတြင္းမွာ ပါဝင္လာႏိုင္ပါတယ္။

Apple ဟာ MacBook Air သစ္တစ္မ်ိဳးအျပင္ MacBook နဲ႔ MacBook Pro သစ္ေတြကုိ ဒီႏွစ္ေႏွာင္းပုိင္းမွာ ထြက္ရွိဖုိ႔ အသင့္ျပင္ေနပါတယ္။ ဒီဇိုင္းပုိင္း ျပင္ဆင္ထားတဲ့ iPad Pro ေတြမွာ Face ID ပါဝင္လာႏိုင္ပါတယ္။ ဒီႏွစ္မွာ ထြက္ရွိမယ့္ Apple စမတ္နာရီမွာ လက္ရွိေမာ္ဒယ္အရြယ္အစားကိုပဲ ဆက္လက္ထားရွိၿပီး ပိုမိုႀကီးမားတဲ့ edge-to-edge မ်က္ႏွာျပင္ေတြအျပင္ အရင္ေမာ္ဒယ္က လက္ပတ္ေတြကုိ အသုံးျပဳႏိုင္ေအာင္ ေထာက္ပံ့ထားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

===========

[ Unicode ]

Apple ထုတ်ကုန်သစ်ကို WWDC တွင် တွေ့မြင်ရဖွယ်မရှိ

===========

Apple ရဲ့ နှစ်စဉ်ကျင်းပနေကျ Worldwide Developers Conference (WWDC) ပွဲကို လာမယ့်အပတ် ဇွန်လ ၄ ရက်မှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။ Apple အနေနဲ့ WWDC ကွန်ဖရင့်မှာ ဘယ်လို ထုတ်ကုန်သစ်ကိုမှ မိတ်ဆက်မှာမဟုတ်ဘူးလို့ အစီအစဉ်တွေကို သိရှိနေတဲ့သူတွေ ပြောကြားထားတဲ့ ကောလာဟလထွက်ပေါ်နေပါတယ်။ အဲဒီပွဲမှာ software တွေကိုပဲ မိတ်ဆက်မှာ ဖြစ်ပါတယ်။

iOS 12 ကို ဇွန်လ ၄ ရက်၊ တနင်္လာနေ့မှာ မိတ်ဆက််မှာဖြစ်ပြီး အဓိက feature တွေထဲက တစ်ခုဖြစ်တဲ့ Digital Health အစီအစဉ်ကို ထုတ်ဖော်မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ်ထဲမှာ tool များစွာ ပါဝင်မှာ ဖြစ်ပြီး သုံးစွဲသူတွေက ထုတ်ကုန်တွေနဲ့ app တွေထဲမှာ အချိန်ကို ဘယ်လို အသုံးချတယ်ဆိုတာကို စောင့်ကြည့်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။ OS ဗားရှင်းသစ်ထဲက Settings app ရဲ့ menu အတွင်းမှာ အသေးစိတ်ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Google ရဲ့ Android P မှာလညး် အလားတူ feature မျိုးပါဝင်ပါတယ်။ အဲဒီ feature ဟာ မိုဘိုင်းထုတ်ကုန်တွေအပေါ် အလွန်အကျွံစွဲလမ်းမှုကို စိတ်ပျက်နေသူအတွက် တုံ့ပြန်မှု ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် Apple အနေနဲ့ ARKit 2.0 ကို တိုးတက်အောင်လုပ်ဆောင်နေပြီး သုံးစွဲသူတွေအချင်းချင်း virtual ပတ်ဝန်းကျင်တစ်ခုတည်းမှာ AR ဂိမ်းတွေ ကစားနိုင်မယ့် mode သစ်ကို ဖန်တီးပေးထားပါတယ်။ အခြား mode ကတော့ ဧရိယာတစ်ခုမှာ အရာဝတ္ထုတွေကို ထားရှိနိုင်ပြီး အဲဒီအရာဝတ္ထုက virtual ပတ်ဝန်းကျင်မှာပဲ ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီ feature တွေအားလုံးဟာ iOS 12 မှာပါဝင်ပြီး ၂၀၂၀ ခုနှစ်မှာ ထွက်ရှိနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတဲ့ Apple AR headset ရဲ့ ရှေ့ပြေးတစ်ခုအဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။

iOS 12 မှာ သတိပေးချက်တွေကို snooze လုပ်ခွင့်ပေးထားပြီး စတော့ဈေးကွက်ကို ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ Animoji တွေပေးပို့တာတွေကိုလည်း တိုးတက်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ Apple ရဲ့မိုဘိုင်း operating system သစ်ဟာ အရည်အသွေးကောင်းမွန်သလို တု့ံပြန်မှုနှုန်းလည်း ကောင်းမွန်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ iOS 12 မှာ Home screen ဒီဇိုင်းပိုင်း ပြန်လည်ပြင်ဆင်ထားပြီး Photos app အတွက် AI အဆင့့်မြှင့်တင်မှုနဲ့ iPad တွေအတွက် file management tool သစ်လိုမျိုး feature သစ်တွေလည်း ၂၀၁၉ ခုနှစ်အတွင်းမှာ ပါဝင်လာနိုင်ပါတယ်။

Apple ဟာ MacBook Air သစ်တစ်မျိုးအပြင် MacBook နဲ့ MacBook Pro သစ်တွေကို ဒီနှစ်နှောင်းပိုင်းမှာ ထွက်ရှိဖို့ အသင့်ပြင်နေပါတယ်။ ဒီဇိုင်းပိုင်း ပြင်ဆင်ထားတဲ့ iPad Pro တွေမှာ Face ID ပါဝင်လာနိုင်ပါတယ်။ ဒီနှစ်မှာ ထွက်ရှိမယ့် Apple စမတ်နာရီမှာ လက်ရှိမော်ဒယ်အရွယ်အစားကိုပဲ ဆက်လက်ထားရှိပြီး ပိုမိုကြီးမားတဲ့ edge-to-edge မျက်နှာပြင်တွေအပြင် အရင်မော်ဒယ်က လက်ပတ်တွေကို အသုံးပြုနိုင်အောင် ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment