latest Post

ကမၻာ့စမတ္ဖုန္း တင္ပို႔ေရာင္းခ်မႈ အနည္းငယ္တုိးတက္ေသာ္လည္း Xiaomi စမတ္ဖုန္းေရာင္းခ်မႈ အလြန္ျမင့္တက္လာ


[ Zawgyi ]

၂၀၁၈ ခုႏွစ္ ပထမသုံးလပတ္အတြင္း ကမၻာလုံးဆိုင္ရာ စမတ္ဖုန္းတင္ပုိ႔ေရာင္းခ်မႈ အေရအတြက္ကို သုေတသနနဲ႔ အႀကံေပးကုမၸဏီ Gartner ထုတ္ျပန္ခဲ့ပါတယ္။ တစ္ကမၻာလုံး တင္ပုိ႔ေရာင္းခ်ခဲ့တဲ့ စမတ္ဖုန္းအလုံးအေရအတြက္ဟာ ၂၀၁၇ ခုႏွစ္ ပထမသုံးလပတ္နဲ႔ ႏိႈင္းယွဥ္ရင္ ၁.၃ ရာခိုင္ႏႈန္း ျမင့္တက္လာပါတယ္။

စမတ္ဖုန္း တင္ပုိ႔ေရာင္းခ်မႈ ၁.၃ ရာခိုင္ႏႈန္း တုိးတက္လာတာဟာ စမတ္ဖုန္းလုပ္ငန္းတစ္ခုလုံးအတြက္ ေကာင္းမြန္ေပမယ့္ တ႐ုတ္စမတ္ဖုန္းကုမၸဏီ Xiaomi ရဲ႕စမတ္ဖုနး္ေရာင္အားကို မယွဥ္ႏိုင္ပါဘူး။ Xiaomi ရဲ႕ ေဈးကြက္ေဝစုဟာ ၿပီးခဲ့တဲ့ႏွစ္ ပထမသုံးလပတ္နဲ႔ ႏိႈင္းယွဥ္ရင္ ၁၁၈ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာပါတယ္။ Xiaomi အေနနဲ႔ ၂၀၁၈ ခုႏွစ္အတြင္း စမတ္ဖုန္း ၂၈.၅ သန္းေရာင္းခ်ရၿပီး ၂၀၁၇ ခုႏွစ္ ပထမသုံးလပတ္က အလုံးေရ ၁၂.၇ သန္းထက္ ျမင့္တက္လာတာ ျဖစ္ပါတယ္။

တ႐ုတ္ကုမၸဏီ Huawei ရဲ႕စမတ္ဖုန္းေရာင္းအားဟာ Xiaomi ရဲ႕ကိန္းဂဏန္းကို မမီေပမယ့္ တိုးတက္မႈတခ်ိဳ႕ ရွိပါတယ္။ Huawei ဟာ ၂၀၁၈ ခုႏွစ္ ပထမသုံးလပတ္မွာ စမတ္ဖုန္း ၄၀.၄ သန္းေရာင္းခ်ခဲ့ရၿပီး ၂၀၁၇ ခုႏွစ္က ၃၄.၂ သန္းထက္ ျမင့္တက္ခဲ့ပါတယ္။ Huawei ဟာ စမတ္ဖုန္းေဈးကြက္ ၁၀.၅ ရာခိုင္ႏႈန္း ထိန္းခ်ဳပ္ထားၿပီး အရင္ေဈးကြက္ေဝစု ၉ ရာခိုင္ႏႈန္းကေန တိုးတက္လာတာျဖစ္ပါတယ္။

Apple စမတ္ဖုန္းေရာင္အားကလည္း မႏွစ္ကထက္ တုိးတက္လာၿပီး ၂၀၁၇ ခုႏွစ္ ပထမသုံးလပတ္ထက္ စမတ္ဖုန္း ၂ သန္းေက်ာ္ ပုိမိုေရာင္းခ်ခဲ့ရပါတယ္။ ဒါေၾကာင့္ ေဈးကြက္ေဝစုဟာ ၁၃.၇ ရာခိုင္ႏႈန္းကေန ၂၀၁၈ ခုႏွစ္ အတြင္းမွာ ၁၄.၁ ရာခိုင္ႏႈန္းအထိ တိုးတက္လာခဲ့ပါတယ္။

စမတ္ဖုန္းတင္ပုိ႔ေရာင္းခ်မႈ အမ်ားဆုံးျပဳလုပ္ထားတဲ့ ကုမၸဏီ ၅ ခုစာရင္းမွာ Samsung နဲ႔ Oppo တို႔လည္း ပါဝင္ပါတယ္။ ဒါေပမဲ့ Samsung နဲ႔ Oppo ႏွစ္ခုစလုံးဟာ အရင္ႏွစ္ကထက္ ၂၀၁၈ ခုႏွစ္ ပထမသုံးလပတ္မွာ ဖုန္းအနည္းငယ္ပဲ ေရာင္းခ်ခဲ့ရသလုိ ေဈးကြက္ေဝစုလည္း ဆုံး႐ႈံးထားပါတယ္။ Samsung ရဲ႕ေဈးကြက္ေဝစုဟာ ၂၀.၈ ရာခိုင္ႏႈနး္ကေန ၂၀.၅ ရာခိုင္ႏႈန္းအထိ အနညး္ငယ္က်ဆင္းသြားၿပီး Oppo ကေတာ့ ၈.၂ ရာခိုင္ႏႈန္း ကေန ၇.၃ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားပါတယ္။ ထိပ္တန္းစမတ္ဖုန္း တင္ပုိ႔ေရာင္းခ်တဲ့ ကုမၸဏီ ၅ ခုမွာမပါတဲ့ အျခားကုမၸဏီေတြက ေဈးကြက္ေဝစုနဲ႔ ဖုန္းေရာင္းခ်မႈေတြ က်ဆင္းခဲ့ပါတယ္။

စိုးထက္
Ref: AndroidAuthority

=======

[ Unicode ]

ကမ္ဘာ့စမတ်ဖုန်း တင်ပို့ရောင်းချမှု အနည်းငယ်တိုးတက်သော်လည်း Xiaomi စမတ်ဖုန်းရောင်းချမှု အလွန်မြင့်တက်လာ

=======

၂၀၁၈ ခုနှစ် ပထမသုံးလပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စမတ်ဖုန်းတင်ပို့ရောင်းချမှု အရေအတွက်ကို သုတေသနနဲ့ အကြံပေးကုမ္ပဏီ Gartner ထုတ်ပြန်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံး တင်ပို့ရောင်းချခဲ့တဲ့ စမတ်ဖုန်းအလုံးအရေအတွက်ဟာ ၂၀၁၇ ခုနှစ် ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ၁.၃ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

စမတ်ဖုန်း တင်ပို့ရောင်းချမှု ၁.၃ ရာခိုင်နှုန်း တိုးတက်လာတာဟာ စမတ်ဖုန်းလုပ်ငန်းတစ်ခုလုံးအတွက် ကောင်းမွန်ပေမယ့် တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ရဲ့စမတ်ဖုနး်ရောင်အားကို မယှဉ်နိုင်ပါဘူး။ Xiaomi ရဲ့ ဈေးကွက်ဝေစုဟာ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်နဲ့ နှိုင်းယှဉ်ရင် ၁၁၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ Xiaomi အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း စမတ်ဖုန်း ၂၈.၅ သန်းရောင်းချရပြီး ၂၀၁၇ ခုနှစ် ပထမသုံးလပတ်က အလုံးရေ ၁၂.၇ သန်းထက် မြင့်တက်လာတာ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီ Huawei ရဲ့စမတ်ဖုန်းရောင်းအားဟာ Xiaomi ရဲ့ကိန်းဂဏန်းကို မမီပေမယ့် တိုးတက်မှုတချို့ ရှိပါတယ်။ Huawei ဟာ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်မှာ စမတ်ဖုန်း ၄၀.၄ သန်းရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်က ၃၄.၂ သန်းထက် မြင့်တက်ခဲ့ပါတယ်။ Huawei ဟာ စမတ်ဖုန်းဈေးကွက် ၁၀.၅ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး အရင်ဈေးကွက်ဝေစု ၉ ရာခိုင်နှုန်းကနေ တိုးတက်လာတာဖြစ်ပါတယ်။

Apple စမတ်ဖုန်းရောင်အားကလည်း မနှစ်ကထက် တိုးတက်လာပြီး ၂၀၁၇ ခုနှစ် ပထမသုံးလပတ်ထက် စမတ်ဖုန်း ၂ သန်းကျော် ပိုမိုရောင်းချခဲ့ရပါတယ်။ ဒါကြောင့် ဈေးကွက်ဝေစုဟာ ၁၃.၇ ရာခိုင်နှုန်းကနေ ၂၀၁၈ ခုနှစ် အတွင်းမှာ ၁၄.၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။

စမတ်ဖုန်းတင်ပို့ရောင်းချမှု အများဆုံးပြုလုပ်ထားတဲ့ ကုမ္ပဏီ ၅ ခုစာရင်းမှာ Samsung နဲ့ Oppo တို့လည်း ပါဝင်ပါတယ်။ ဒါပေမဲ့ Samsung နဲ့ Oppo နှစ်ခုစလုံးဟာ အရင်နှစ်ကထက် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်မှာ ဖုန်းအနည်းငယ်ပဲ ရောင်းချခဲ့ရသလို ဈေးကွက်ဝေစုလည်း ဆုံးရှုံးထားပါတယ်။ Samsung ရဲ့ဈေးကွက်ဝေစုဟာ ၂၀.၈ ရာခိုင်နှုနး်ကနေ ၂၀.၅ ရာခိုင်နှုန်းအထိ အနညး်ငယ်ကျဆင်းသွားပြီး Oppo ကတော့ ၈.၂ ရာခိုင်နှုန်း ကနေ ရ.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ ထိပ်တန်းစမတ်ဖုန်း တင်ပို့ရောင်းချတဲ့ ကုမ္ပဏီ ၅ ခုမှာမပါတဲ့ အခြားကုမ္ပဏီတွေက ဈေးကွက်ဝေစုနဲ့ ဖုန်းရောင်းချမှုတွေ ကျဆင်းခဲ့ပါတယ်။

စိုးထက်
Ref: AndroidAuthority

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment