latest Post

iPhone မူပိုင္ခြင့္ ခ်ိဳးေဖာက္မႈအတြက္ Apple ကုိ ေဒၚလာ ၅၃၉ သန္းနီးပါးေပးရန္ Samsung အမိန္႔ခ်ခံရ


[ Zawgyi ]

Samsung ဟာ original iPhone ေပၚက မူပုိင္ခြင့္ရယူထားတဲ့ utility feature ေတြနဲ႔ ဒီဇိုင္းကို ကုမၸဏီထုတ္ဖုန္းတြေပၚမွာ ကူးယူမႈအတြက္ ဘ႑ာေရး ထိခိုက္နစ္နာေၾကးအျဖစ္ Apple ကို ေဒၚလာ ၅၃၉ သန္းနီးပါး ေပးရန္ ကယ္လီဖိုးနီးယား ခုံသမာဓိအဖြဲ႕က အမိန္႔ခ်မွတ္ခဲ့ပါတယ္။

Apple အေနနဲ႔ အမႈကုိအႏိုင္ရခဲ့ေပမယ့္ နစ္နာေၾကးပမာဏအတြက္ သေဘာထားကြဲလြဲေနပါတယ္။ Apple အေနနဲ႔ နစ္နာထိခိုက္ေၾကး ေဒၚလာ ၁ ဘီလ်ံရလိုေပမယ့္ Samsung က ေဒၚလာ ၂၈ သန္းပဲ ေပးေခ်လိုတယ္လို႔သိရပါတယ္။

အခုဆုံးျဖတ္ခ်က္ဟာ ေတာင္ကုိရီးယားကုမၸဏီအတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ပါတယ္။

Samsung အေနနဲ႔ ဒီဇိုင္းပိုင္းမူပုိင္ခြင့္ ခ်ိဳးေဖာက္မႈအတြက္ ေဒၚလာ ၅၃၃.၃ သန္းေပးရမွာ ျဖစ္သလို utility မူပုိင္ခြင့္ေတြ ခ်ိဳးေဖာက္မႈအတြက္ ေဒၚလာ ၅.၃ သန္း ထပ္ေဆာင္ေပးရမယ္လုိ႔ ခုံသမာဓိအဖြဲ႕က ဆံုးျဖတ္ခဲ့ပါတယ္။

“ဒီဇိုင္းပိုင္းမူပုိင္ခြင့္ ထိခိုက္နစ္နာမႈနဲ႔ Samsung အေပၚ တရား႐ုံးခ်ဳပ္က တညီတညႊတ္တည္း ဆုံးျဖတ္ခဲ့ပါတယ္။ ကၽြန္ေတာ္တို႔အေနနဲ႔ ကုမၸဏီေတြနဲ႔ သုံးစြဲသူေတြအားလုံးအတြက္ မွ်မွ်တတ ၿပိဳင္ဆုိင္မႈနဲ႔ ဖန္တီးမႈကို မတားဆီးဘဲ အက်ိဳးရလဒ္ေတြရယူဖို႔ option အားလုံးကို စဥ္းစားသြားမွာ ျဖစ္ပါတယ္” လို႔ Samsung က ထုတ္ျပန္ခဲ့ပါတယ္။

Apple ကလည္း လုံးဝျခားနားတဲ့ထုတ္ျပန္ခ်က္ကုိ ေၾကညာခဲ့ပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ ဒီဇိုင္းအေပၚတန္ဖုိးထားမႈကို အလြန္ယုံၾကည္ပါတယ္။ ကၽြန္ေတာ္တို႔အဖြဲ႕ေတြအေနနဲ႔ သုံးစြဲသူေတြ စိတ္ေက်နပ္ေစမယ့္ ထုတ္ကုန္ေတြကိုဖန္တီးဖို႔ အင္ျပည့္အားျပည့္နဲ႔ လုပ္ကုိင္ထားပါတယ္။ Apple ဟာ iPhone နဲ႔အတူ စမတ္ဖုန္းကို ေတာ္လွန္ေျပာင္းလဲဖို႔ အရွိန္ျမႇင့္ခဲ့ပါတယ္။ Samsung ဟာ ကၽြန္ေတာ္တို႔ရဲ႕ဒီဇိုင္းကို ေျဗာင္က်က်ပဲ ခုိးယူခဲ့တယ္ဆိုတာ အမွန္တရားပါ” လို႔ Apple က ထုတ္ျပန္သြားခဲ့ပါတယ္။

စိုးထက္
Ref: USAToday

========

[ Unicode ]

iPhone မူပိုင်ခွင့် ချိုးဖောက်မှုအတွက် Apple ကို ဒေါ်လာ ၅၃၉ သန်းနီးပါးပေးရန် Samsung အမိန့်ချခံရ

========

Samsung ဟာ original iPhone ပေါ်က မူပိုင်ခွင့်ရယူထားတဲ့ utility feature တွေနဲ့ ဒီဇိုင်းကို ကုမ္ပဏီထုတ်ဖုန်းတွပေါ်မှာ ကူးယူမှုအတွက် ဘဏ္ဍာရေး ထိခိုက်နစ်နာကြေးအဖြစ် Apple ကို ဒေါ်လာ ၅၃၉ သန်းနီးပါး ပေးရန် ကယ်လီဖိုးနီးယား ခုံသမာဓိအဖွဲ့က အမိန့်ချမှတ်ခဲ့ပါတယ်။

Apple အနေနဲ့ အမှုကိုအနိုင်ရခဲ့ပေမယ့် နစ်နာကြေးပမာဏအတွက် သဘောထားကွဲလွဲနေပါတယ်။ Apple အနေနဲ့ နစ်နာထိခိုက်ကြေး ဒေါ်လာ ၁ ဘီလျံရလိုပေမယ့် Samsung က ဒေါ်လာ ၂၈ သန်းပဲ ပေးချေလိုတယ်လို့သိရပါတယ်။

အခုဆုံးဖြတ်ချက်ဟာ တောင်ကိုရီးယားကုမ္ပဏီအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်။

Samsung အနေနဲ့ ဒီဇိုင်းပိုင်းမူပိုင်ခွင့် ချိုးဖောက်မှုအတွက် ဒေါ်လာ ၅၃၃.၃ သန်းပေးရမှာ ဖြစ်သလို utility မူပိုင်ခွင့်တွေ ချိုးဖောက်မှုအတွက် ဒေါ်လာ ၅.၃ သန်း ထပ်ဆောင်ပေးရမယ်လို့ ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။

“ဒီဇိုင်းပိုင်းမူပိုင်ခွင့် ထိခိုက်နစ်နာမှုနဲ့ Samsung အပေါ် တရားရုံးချုပ်က တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီတွေနဲ့ သုံးစွဲသူတွေအားလုံးအတွက် မျှမျှတတ ပြိုင်ဆိုင်မှုနဲ့ ဖန်တီးမှုကို မတားဆီးဘဲ အကျိုးရလဒ်တွေရယူဖို့ option အားလုံးကို စဉ်းစားသွားမှာ ဖြစ်ပါတယ်” လို့ Samsung က ထုတ်ပြန်ခဲ့ပါတယ်။

Apple ကလည်း လုံးဝခြားနားတဲ့ထုတ်ပြန်ချက်ကို ကြေညာခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဒီဇိုင်းအပေါ်တန်ဖိုးထားမှုကို အလွန်ယုံကြည်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေအနေနဲ့ သုံးစွဲသူတွေ စိတ်ကျေနပ်စေမယ့် ထုတ်ကုန်တွေကိုဖန်တီးဖို့ အင်ပြည့်အားပြည့်နဲ့ လုပ်ကိုင်ထားပါတယ်။ Apple ဟာ iPhone နဲ့အတူ စမတ်ဖုန်းကို တော်လှန်ပြောင်းလဲဖို့ အရှိန်မြှင့်ခဲ့ပါတယ်။ Samsung ဟာ ကျွန်တော်တို့ရဲ့ဒီဇိုင်းကို ဗြောင်ကျကျပဲ ခိုးယူခဲ့တယ်ဆိုတာ အမှန်တရားပါ” လို့ Apple က ထုတ်ပြန်သွားခဲ့ပါတယ်။

စိုးထက်
Ref: USAToday

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment