latest Post

Fiat Chrysler ကုမ္ပဏီက ကားအစီးရေ ငါးသန်းခန့်ကို ပြန်လည်သိမ်းယူ


အမေရိကန်နိုင်ငံတွင် ကားအများဆုံး ပြန်လည်သိမ်း ဆည်းမှုများအနက် တစ်ခုအဖြစ် Fiat Chrysler ကုမ္ပဏီက ဘေး ကင်းလုံခြုံရေးဆိုင်ရာ ချွတ်ယွင်း ချက်တစ်ခုကြောင့် မောင်းနှင် ရေးထိန်းချုပ်မှုစနစ် အသုံးပြုမှု ချက်ချင်းရပ်တန့်ရန် ကား ၄ ဒသမ ၈ သန်း၏ ပိုင်ရှင်များကို သတိပေးသည်။ Fiat Chrysler ကုမ္ပဏီက အချို့သော ကားမော်ဒယ်များ တွင် မောင်းနှင်ရေးထိန်းချုပ်မှု စနစ်သည် အချို့သော အခြေအနေများ၌ ယာဉ်မောင်းက ရပ် တန့်မရဖြစ်နိုင်ကြောင်း သတိပေးကာ မေလ ၂၅ ရက်က မော် တော်ကားများကို သိမ်းယူမည် ဟု ကြေညာခဲ့သည်။ ယင်းပြန်လည်သိမ်းယူမှုတွင် ၂၀၁၄ နှင့် ၂၀၁၈ က ထုတ်ထားသော Jeep, Ram, Chrysler နှင့် Dodge မော်ဒယ် ၁၄ မျိုး ပါဝင်သည်။


(RSS generated with FetchRss)

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment