latest Post

အဂတိတိုက်ဖျက်ရေးကော်မရှင် ဦးကျော်ဝင်းအမှုကို စစ်ဆေးနေဆဲ




အဂတိနှင့်ပတ်သက်၍ စစ်ဆေးခံနေရသူ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးကျော်ဝင်း အစိုးရအဖွဲ့မှ နုတ်ထွက်သော်လည်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၎င်းကို ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ပြောကြားသည်။ ‘‘စစ်ဆေးတာ မပြတ်သေးဘူး။ မပေါ်ပေါက်သေးဘူး’’ဟု ၎င်းက ပြောကြားသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းအပေါ် တိုင်ကြားစာ သည် ကော်မရှင်သို့ မေလ ၃ ရက်တွင် ရောက်ရှိပြီး မေလ ၇ ရက်၌ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ အမြန်ဆုံး စစ်ဆေးနေကြောင်း၊ မကြာမီ သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံ အစီရင်ခံစာ တင်ပြမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က မီဒီယာများ၏ မေးမြန်းချက်ကို မေလ ၂၃ ရက်တွင် ဖြေကြားသည်။ မေလ ၂၅ ရက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း ကို ဝန်ကြီးအဖြစ်မှ နုတ်ထွက်ခွင့်ပြုကြောင်း သမ္မတရုံးက သတင်းထုတ် ပြန်သောကြောင့် ၎င်းအပေါ် အဂတိတိုင်ကြားချက်နှင့်ပတ်သက်၍ ကော်မရှင်က မည်သို့ဆက်လက်ဆောင်ရွက်မည်ကို စိတ်ဝင်စားနေကြ သည်။ ကော်မရှင်အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်က ဦးကျော်ဝင်း ဝန်ကြီးအဖြစ် မှ နုတ်ထွက်ခြင်းသည် ၎င်း၏ သဘောဆန္ဒသာဖြစ်ပြီး ကော်မရှင်သို့ တိုင်ကြားချက်အရ ဦးကျော်ဝင်းကို အဂတိဥပဒေနှင့် ငြိစွန်းခြင်းရှိ၊ မရှိ စစ်ဆေးခြင်းဖြစ် ကြောင်း၊ အဂတိနှင့် ငြိစွန်းသည် ဟု တရားသေသတ်မှတ်၍ မရ သေးကြောင်း ဆိုသည်။ ‘‘အဂတိ ဥပဒေလို့လည်း တရားသေ ချမှတ်လို့မရသေး ဘူး။ ကိုယ့်ရဲ့ ဥပဒေနဲ့တော့ မပေါ်ပေါက်သေးဘူး။ စစ်ဆေး နေဆဲရှိပါတယ်’’ဟု ပြောကြား သည်။ 7Day Daily သတင်းစာမှ ရရှိသော သတင်းများအရ ဦးကျော်ဝင်းကို မေလ ၁၇ ရက်တွင် ပြည်ပသို့ ခရီးသွားလာခွင့်တားမြစ်ခဲ့ပြီး မေလ ၁၈ ရက်တွင် နုတ်ထွက်စာတင်စေခဲ့ကာ ၎င်းကနုတ်ထွက်စာ တင်ခဲ့ခြင်းဖြစ် သည်။ ထို့နောက် သမ္မတက မေလ ၂၄ ရက်တွင် နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ အဂတိလိုက် စားမှုတိုက်ဖျက်ရေး ကော်မရှင် သည် ဒီချုပ်အစိုးရလက်ထက် လက်ရှိ သမ္မတဦးဝင်းမြင့် တက် လာပြီးနောက် လာဘ်ပေးလာဘ် ယူမှုများ ဆက်တိုက် အရေးယူနေ ပြီး နောက်ဆုံး အရေးယူထားမှု သည် ငွေကျပ်သိန်း ၁,၅၀၀ ကျော် လာဘ်စားသည့် အဆင့် မြင့် အရာရှိဖြစ်သူ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို ဖမ်းဆီး အမှုဖွင့်ထားသည်။ ဦးကျော်ဝင်းသည် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးချယ်တင် မြှောက်ခံရပြီး ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ် သည်။  ဝန်ကြီးအဖြစ် ၂ နှစ်ကျော် တာဝန် ထမ်းဆောင်ပြီးနောက် ယခုလလယ်တွင် အဂတိတိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခံရပြီးနောက် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာချက် ထွက်ပေါ်လာသည်။


(RSS generated with FetchRss)

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment