အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ဂျမ်းမူးနှင့် ကက်ရှ်မီးယားပြည်နယ်တွင် ရေ အားလျှပ်စစ် ဓာတ်အားပေးစက် ရုံတစ်ခုကို စနေနေ့က ဖွင့်လှစ်ခဲ့ သဖြင့် အိမ်နီးချင်းပါကစ္စတန်က ပါကစ္စတန်သို့ စီးဆင်းသော မြစ်ကြောင်းတစ်ခုပေါ်ရှိ ယင်းစီမံ ကိန်းကြောင့် ရေထောက်ပံ့ရေး အနှောင့်အယှက် ဖြစ်စေမည်ဟု ဆိုကာ ကန့်ကွက်ခဲ့သည်။ ၂၀၀၉ က စတင်ဆောက် လုပ်ခဲ့သော မဂ္ဂါဝပ် ၃၃၀ ထုတ် လုပ်မည့် ကစ်ရှန်ဂန်ဂါရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ သည် နျူလက်နက်ပိုင်ဆိုင်သော နိုင်ငံများကြား ဆက်ဆံရေးအေး ခဲနေစဉ် မိုဒီလက်ထက်က ယင်းပြည်နယ်တွင် အိန္ဒိယက အလျင် အမြန်ဆောင်ရွက်ခဲ့သော စီမံ ကိန်းများအနက် ပါဝင်သည်။ ပါကစ္စတန်က စိုက်ပျိုးရေး အတွက် သုံးစွဲမှု၏ ၈၀ ရာခိုင်နှုန်း အပေါ် အမှီပြုနေရသော အင်ဒုစ် မြစ်နှင့် မြစ်လက်တက်များကို မျှဝေသုံးစွဲရေး ကမ္ဘာ့ဘဏ်က ကြားဝင်စေ့စပ်ပေးခဲ့သည့် သ ဘောတူညီမှုကို ချိုးဖောက်သော လုပ်ရပ်များ ဖြစ်သည်ဆိုကာ ယင်းစီမံကိန်းများအနက် အချို့ ကို ကန့်ကွက်ခဲ့သည်။
(RSS generated with

0 comments:
Post a Comment