latest Post

မန္တလေးမြို့ရှိ ဟိုတယ်တစ်ခုတွင် ပုပ်ပွသေဆုံးနေသော အမျိုးသားအလောင်း တွေ့ရှိ


မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ ဟိုတယ်တစ်ခု တွင် တည်းခိုနေသော အမျိုးသား တစ်ဦး ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ချမ်းအေးသာစံ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိ ရှိရသည်။ အောင်နန်းရိပ်သာ အရှေ့ ရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် မေလ ၂၃ ရက် နံနက်က အခန်း သန့်ရှင်းရေးပြုလုပ်ရန် သွားရောက်စဉ် အပုပ်နံ့ရသောကြောင့် အခန်းတံခါးကို ခေါက်သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိ ဘဲ လော့ခ်ချထားသဖြင့် အခန်းတံခါးဖွင့်ကြည့်ရာ အခန်းအတွင်း ခုတင်ဘေး၌ ပြင်ပဒဏ်ရာမရှိဘဲ လဲကျသေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။


(RSS generated with FetchRss)

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment