[ Zawgyi ]
-ဝေဝေ
=============
[ Unicode ]
နိုင်ငံတကာဆေးကျောင်း ဝင်ခွင့်ဆိုင်ရာ ဟောပြောပွဲ ပြုလုပ်မည်
=============
ဆရာဝန်ဖြစ်ရန် နိုင်ငံတကာဆေးကျောင်း ဝင်ခွင့်လျှောက်ထားပုံ အကြောင်းအရာများအကြောင်း ဟောပြောပွဲကို မေလ ၂၉ ရက်၊ ညနေ ၃ နာရီမှ ၅ နာရီ အထိ Eduvision ရုံးခန်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပွဲမှာ St.George’s University မှ Mr.Pier Larosa (Asia Recruitment Manager ) က ဆရာဝန်တစ်ယောက်ဖြစ်လာရန် နိုင်ငံတကာရဲ့ဆေးကျောင်းဝင်ခွင့် စာမေးပွဲတွေကို မည်သို့ ပြင်ဆင်လေ့လာသင့်ပုံ၊ နိုင်ငံတကာဆေးပညာဘွဲ ့ဒီဂရီများရဲ့ ကွာခြားချက်များ၊ ကုန်ကျစရိတ်များ၊ ပညာသင်ဆုများအကြောင်းကို ပြောကြားပေးသွားမှာဖြစ်ပါတယ်။
ပွဲတက်ရောက်လိုသူတွေ အနေနဲ့ EDUVISION Worldwide Education Specialist” အမှတ် ၂၂/၂၄၊ Level 3 ရှင်စောပုလမ်းနှင့် ဗဟိုလမ်းထောင့်၊ အလုံမြို့နယ် ဖုန်း-၀၉ ၂၅၃ ၄၀၀၀၅၅၊ ၀၉၂၅၃၄၀၀၀၆၆၊ ၀၉၂၅၃၄၀၀၀၇၇ ကို ဆက်သွယ်မေးမြန်း တက်ရောက်နိုင်ပါတယ်။
-ဝေဝေ

0 comments:
Post a Comment