latest Post

စီးပြားေရးအေျခအေနကို သံုးသပ္ေဆြးေႏြးသြားမယ့္ B4B Insights Forum က်င္းပမည္


[ Zawgyi ]

ျမန္မာ့စီးပြားေရးက႑ အသီးသီးမွ ပုဂၢလိကက႑ ကိုယ္စားလွယ္မ်ား၊ လုပ္ငန္းရွင္မ်ားက ျမန္မာႏုိင္ငံရဲ႕ လက္ရွိစီးပြားေရး အေျခအေနကို သံုးသပ္ေဆြးေႏြးသြားမယ့္ B4B Insights Forum ကို ေမလ ၂၆ ရက္၊ နံနက္ ၉ နာရီမွ ညေန ၅ နာရီအထိ ကုန္သည္စက္မႈအသင္းခ်ဳပ္မွာ က်င္းပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဖိုရမ္မွာ Banking & Finance, Retail, Construction, Services, Industry, Agribusiness, Trading, SME (Entrepreneurship) စတဲ့ လုပ္ငန္းက႑တစ္ခုစီအလိုက္ Panel Discussion နဲ႔ လြတ္လပ္ပြင့္လင္းစြာ သက္ ဆိုင္ရာက႑ရဲ႕ လက္ရွိအေျခအေနမ်ား၊ စိန္ေခၚမႈမ်ား၊ အလားအလာမ်ားနဲ႔ ေရွ႕ဆက္ေဆာင္ရြက္သင့္တာ ေတြကို ေဆြးေႏြးၾကမွာျဖစ္တယ္လို႔ သိရပါတယ္။

စီးပြားေရးနဲ႔ သက္ဆိုင္တဲ့ ဥပေဒ၊ နည္းဥပေဒႏွင့္ လုပ္ထံုးလုပ္နည္း မူေဘာင္ျဖစ္တဲ့ ကုမၸဏီမ်ားဥပေဒ၊ ၂၀၁၈ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒ၊ လက္လီ က႑ေျဖေလွ်ာ့မႈမ်ားနဲ႔ သက္ဆိုင္တဲ့ လက္ရွိဥပေဒမူေဘာင္ကို ပညာရွင္မ်ားနဲ႔ သက္ဆိုင္ရာအစိုးရဌာနမ်ားမွ တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပၾကမယ့္ အစီအစဥ္လည္း ပါဝင္တယ္လို႔ သိရပါတယ္။

လက္ေတြ႔စီးပြားေရးနယ္ပယ္ အသီးသီးမွ လုပ္ငန္းရွင္မ်ား၊ ျပည္တြင္း/ျပည္ပ စီးပြားေရး မိတ္ဖက္အဖြဲ႔အစည္း မ်ားမွ ကိုယ္စားလွယ္မ်ား၊ ျမန္မာႏုိင္ငံမွာ စီးပြားေရးလုပ္ကိုင္လ်က္ရွိတဲ့ ႏုိင္ငံျခားကုမၸဏီမ်ားမွ ပုဂၢဳိလ္မ်ား ပါဝင္တက္ေရာက ္ေဆြးေႏြးႏုိင္ရန္လည္း ဖိတ္ေခၚလ်က္ရွိတယ္လို႔ သိရပါတယ္။

ဖိုရမ္ကို ကုန္သည္စက္မႈအသင္းခ်ဳပ္မွ ဦးေဆာင္ၿပီး (၂) ရက္တာ က်င္းပျပဳလုပ္မွာျဖစ္တဲ့အတြက္ ႀကိဳတင္ စာရင္းေပးသြင္းလိုပါက ma@umfcci.com.mm သို႔ေပးပို႔ႏိုင္ပါတယ္။ အေသးစိတ္အခ်က္အလက္ကို ဖုန္း ၀၁-၂၃၁၄၃၄၄~၄၉ လုိင္းခြဲ-၁၄၀၊၁၁၈၊ ၀၉-၄၅၀၂၀၀၃၄၀ တို႔ကို ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

-ေဝေဝ

==========

[ Unicode ]

စီးပွားရေးအခြေအနေကို သုံးသပ်ဆွေးနွေးသွားမယ့် B4B Insights Forum ကျင်းပမည်

==========

မြန်မာ့စီးပွားရေးကဏ္ဍ အသီးသီးမှ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များက မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေကို သုံးသပ်ဆွေးနွေးသွားမယ့် B4B Insights Forum ကို မေလ ၂၆ ရက်၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဖိုရမ်မှာ Banking & Finance, Retail, Construction, Services, Industry, Agribusiness, Trading, SME (Entrepreneurship) စတဲ့ လုပ်ငန်းကဏ္ဍတစ်ခုစီအလိုက် Panel Discussion နဲ့ လွတ်လပ်ပွင့်လင်းစွာ သက် ဆိုင်ရာကဏ္ဍရဲ့ လက်ရှိအခြေအနေများ၊ စိန်ခေါ်မှုများ၊ အလားအလာများနဲ့ ရှေ့ဆက်ဆောင်ရွက်သင့်တာ တွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း မူဘောင်ဖြစ်တဲ့ ကုမ္ပဏီများဥပဒေ၊ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ လက်လီ ကဏ္ဍဖြေလျှော့မှုများနဲ့ သက်ဆိုင်တဲ့ လက်ရှိဥပဒေမူဘောင်ကို ပညာရှင်များနဲ့ သက်ဆိုင်ရာအစိုးရဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြမယ့် အစီအစဉ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

လက်တွေ့စီးပွားရေးနယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပ စီးပွားရေး မိတ်ဖက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်လျက်ရှိတဲ့ နိုင်ငံခြားကုမ္ပဏီများမှ ပုဂ္ဂိုလ်များ ပါဝင်တက်ရောက ်ဆွေးနွေးနိုင်ရန်လည်း ဖိတ်ခေါ်လျက်ရှိတယ်လို့ သိရပါတယ်။

ဖိုရမ်ကို ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်ပြီး (၂) ရက်တာ ကျင်းပပြုလုပ်မှာဖြစ်တဲ့အတွက် ကြိုတင် စာရင်းပေးသွင်းလိုပါက ma@umfcci.com.mm သို့ပေးပို့နိုင်ပါတယ်။ အသေးစိတ်အချက်အလက်ကို ဖုန်း ၀၁-၂၃၁၄၃၄၄~၄၉ လိုင်းခွဲ-၁၄၀၊၁၁၈၊ ၀၉-၄၅၀၂၀၀၃၄၀ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-ဝေဝေ

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment