latest Post

Atari တြဲဖက္တည္ေထာင္သူ တက္ဒ္ဒက္ဘ္ေန ကြယ္လြန္


[ Zawgyi ]

နာမည္ေက်ာ္ဂိမ္းကုမၸဏီကို ႏိုလန္ဘုရွ္ေနးလ္နဲ႔ တြဲဖက္တည္ေထာင္ခဲ့တဲ့ တက္ဒ္ဒက္ဘ္ေနဟာ အစာမ်ိဳျပြန္ကင္ဆာေရာဂါ မကုသဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ အသက္ ၈၁ ႏွစ္မွာ ကြယ္လြန္သြားခဲ့ပါတယ္။ ဒက္ဘ္ေနနဲ႔ ဘုရွ္႕ေနဟာ Atari မတိုင္ခင္က ၁၉၇၁ ခုႏွစ္မွာ Syzygy ကိုစတင္တည္ေထာင္ၿပီး ပထမဆုံး စီးပြားျဖစ္ arcade ဂိမ္း Computer Space ကုိထုတ္လုပ္ခဲ့ပါတယ္။ သူတို႔ဟာ အဲဒီအေတြ႕အႀကဳံနဲ႔ Atari ကုမၸဏီကုိ စတင္ တည္ေထာင္တဲ့အခါ အသုံးခ်ခဲ့ၿပီး developer ျဖစ္သူ အယ္လ္အယ္ကြန္နဲ႔အတူ ၁၉၇၂ ခုႏွစ္မွာ နာမည္ေက်ာ္ Pong ဂိမ္းကို ျဖန္႔ခ်ိခဲ့ပါတယ္။

ဒက္ဘ္ေနဟာ အေစာပိုင္းမွာ နည္းပညာပုိင္းမွာ အလုပ္လုပ္ကုိင္ခဲ့ပါတယ္။ သူဟာ အေမရိကန္မရိန္းတပ္မွာ ရွိစဥ္က အီလက္ထေရာနစ္ပုိင္းကို သင္ယူခဲ့ၿပီး စစ္တပ္ကထြက္ၿပီးေနာက္မွာ အေမရိကဘဏ္နဲ႔ HP ကုမၸဏီမွာ နည္းပညာပုိင္းကို တာဝန္ယူခဲ့ပါတယ္။ ဒက္ဘ္ေနဟာ ၁၉၆၁ ခုႏွစ္ Ampex မွာလုပ္ကုိင္ေနစဥ္မွာ display နညး္ပညာအေတြ႕အႀကဳံေကာင္းေတြ ရရွိခဲ့ၿပီး ၁၉၆၉ ခုႏွစ္မွာ ကုမၸဏီကို ေရာက္လာတဲ့ ဘုရွ္ေနးလ္နဲ႔လည္း ေတြ႕ဆုံခဲ့ပါတယ္။ သူတို႔ႏွစ္ဦးဟာ အေၾကြေစ့ထည့္သြင္း ကစားရတဲ့ ကြန္ပ်ဴတာဂိမ္းစနစ္နဲ႔ ပီဇာအေရာင္းဆုိင္ တြဲဖက္ဖြင့္ဖုိ႔ စိတ္ကူးပုံေဖာ္ခဲ့ပါတယ္။

ဒက္ဘ္ေနဟာ Atari မွာေခတၱခဏပဲ လုပ္ကုိင္ခဲ့ၿပီး ဘုရွ္ေနးလ္နဲ႔ စကားမ်ားၿပီး ကုမၸဏီက ထြက္ခြာခဲ့ပါတယ္။ ဒက္ဘ္ေနဟာ Pizza Time Theater အတြက္ဂိမ္းေတြကုိ ဘုရွ္ေနးလ္နဲ႔ ကာလတို တြဲဖက္ဆက္လက္လုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့လည္း ဒက္ဘ္ေနဟာ Fujitsu, Raytheon နဲ႔ Teledyne လုိမ်ိဳး နည္းပညာကုမၸဏီေတြမွာ ကာလရွည္ၾကာ လုပ္ကိုင္ခဲ့ပါတယ္။

စိုးထက္
Ref: Engadget

========

[ Unicode ]

Atari တွဲဖက်တည်ထောင်သူ တက်ဒ်ဒက်ဘ်နေ ကွယ်လွန်

========

နာမည်ကျော်ဂိမ်းကုမ္ပဏီကို နိုလန်ဘုရှ်နေးလ်နဲ့ တွဲဖက်တည်ထောင်ခဲ့တဲ့ တက်ဒ်ဒက်ဘ်နေဟာ အစာမျိုပြွန်ကင်ဆာရောဂါ မကုသဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် အသက် ၈၁ နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒက်ဘ်နေနဲ့ ဘုရှ့်နေဟာ Atari မတိုင်ခင်က ၁၉၇၁ ခုနှစ်မှာ Syzygy ကိုစတင်တည်ထောင်ပြီး ပထမဆုံး စီးပွားဖြစ် arcade ဂိမ်း Computer Space ကိုထုတ်လုပ်ခဲ့ပါတယ်။ သူတို့ဟာ အဲဒီအတွေ့အကြုံနဲ့ Atari ကုမ္ပဏီကို စတင် တည်ထောင်တဲ့အခါ အသုံးချခဲ့ပြီး developer ဖြစ်သူ အယ်လ်အယ်ကွန်နဲ့အတူ ၁၉၇၂ ခုနှစ်မှာ နာမည်ကျော် Pong ဂိမ်းကို ဖြန့်ချိခဲ့ပါတယ်။

ဒက်ဘ်နေဟာ အစောပိုင်းမှာ နည်းပညာပိုင်းမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ အမေရိကန်မရိန်းတပ်မှာ ရှိစဉ်က အီလက်ထရောနစ်ပိုင်းကို သင်ယူခဲ့ပြီး စစ်တပ်ကထွက်ပြီးနောက်မှာ အမေရိကဘဏ်နဲ့ HP ကုမ္ပဏီမှာ နည်းပညာပိုင်းကို တာဝန်ယူခဲ့ပါတယ်။ ဒက်ဘ်နေဟာ ၁၉၆၁ ခုနှစ် Ampex မှာလုပ်ကိုင်နေစဉ်မှာ display နညး်ပညာအတွေ့အကြုံကောင်းတွေ ရရှိခဲ့ပြီး ၁၉၆၉ ခုနှစ်မှာ ကုမ္ပဏီကို ရောက်လာတဲ့ ဘုရှ်နေးလ်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အကြွေစေ့ထည့်သွင်း ကစားရတဲ့ ကွန်ပျူတာဂိမ်းစနစ်နဲ့ ပီဇာအရောင်းဆိုင် တွဲဖက်ဖွင့်ဖို့ စိတ်ကူးပုံဖော်ခဲ့ပါတယ်။

ဒက်ဘ်နေဟာ Atari မှာခေတ္တခဏပဲ လုပ်ကိုင်ခဲ့ပြီး ဘုရှ်နေးလ်နဲ့ စကားများပြီး ကုမ္ပဏီက ထွက်ခွာခဲ့ပါတယ်။ ဒက်ဘ်နေဟာ Pizza Time Theater အတွက်ဂိမ်းတွေကို ဘုရှ်နေးလ်နဲ့ ကာလတို တွဲဖက်ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒက်ဘ်နေဟာ Fujitsu, Raytheon နဲ့ Teledyne လိုမျိုး နည်းပညာကုမ္ပဏီတွေမှာ ကာလရှည်ကြာ လုပ်ကိုင်ခဲ့ပါတယ်။

စိုးထက်
Ref: Engadget

About Myanmar Memes

Myanmar Memes
Recommended Posts × +

0 comments:

Post a Comment